
မိတ္ထီလာခရိုင် လေးမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၈၆၀၀၀ ကျော် ရှိသည့်အနက် သြဂုတ် ၁၄ ရက်အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ၂၈၇၀၀၀ ကျော်ရှိပြီး ပုံစံ (၃)ဖြင့် မဲစာရင်း တောင်းဆိုသူ ၁၁၁၀၄ ဦး၊ ပုံစံ(၄) ဖြင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ကန့်ကွက်လွှာ တင်သွင်းသူ ၄၃၃၄ ဦး၊ အမည်၊ မှတ်ပုံတင်၊ မိဘအမည် မှားယွင်းနေသဖြင့် ပုံစံ(၄)(ဂ) ဖြင့် ပြင်ဆင်သူ ၅၆၄၃ ဦးရှိကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၃၀၀၀၀ ကျော်၊ ဝမ်းတွင်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၂၀၀၀ ကျော်၊ သာစည်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅၀၀၀၀ ကျော်နှင့် မလှိုင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၁၄၀၀၀ ကျော်ရှိကြောင်း သိရသည်။