မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ဖို့ သမ္မတဦးဝင်းမြင့်မှ မှာကြား

08 Sep 2020

လာမယ့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းများ မှန်မှန်ကန်ကန် ဖြစ်စေရန်၊ ပြည်သူအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် သမာသမတ်ဖြစ်စေရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မှာကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။