အခုကစပြီးတော့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာပြီးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ရန်ကုန်မှာလည်း မကြာခင် ထိန်းချုပ်နိုင်မယ်

16 Sep 2020

အခုကစပြီးတော့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ရန်ကုန်မှာလည်း မကြာခင် ထိန်းချုပ်နိုင်မှာပါလို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့အားလုံး ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျော်လွှားနိုင်မယ်ဆိုရင် နောင်ဒီနိုင်ငံမှာ ဘယ်လိုစိန်ခေါ်မှုပဲဖြစ်ဖြစ် ငါတို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့က ဆက်ပြီးတော့ အောင်ပွဲတွေခံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူပြည်သားအပေါင်း ပူးပေါင်းပြီးတော့ အဓိကအားဖြင့် ရန်ကုန်မှာပြန့်ပွားနေတဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ပေးကြပါ။ အားလုံးဟာ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဒီပြသနာကို ဖြေရှင်းနိုင်မယ်၊ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ နေမကောင်းတဲ့သူတွေလည်း အမြန်ဆုံး ကျန်းမာကြပါစေ။"

ယနေ့ ညပိုင်းမှာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း COVID-19 ရောဂါပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။